အသင်းတော်/အကြီးအကဲများ/နှင့် ငယ်ရွယ်သော/သူတို့/အား တိုက်တွန်း/နှိုးဆော်ခြင်း
5
ထို့ကြောင့် ခရစ်တော်/၏/ဆင်းရဲဒုက္ခ/ကို မြင်တွေ့သည့်/သက်သေ/ဖြစ်သူ၊ ထင်ရှား/လာမည့် ကိုယ်တော်/၏ ဘုန်းအသရေ/ကို မျှဝေ/ခံစားသူ ကျွန်ုပ်/သည် အသင်းတော်/အကြီးအကဲ/တစ်ဦး/အနေ/ဖြင့် သင်တို့/ထဲမှ အသင်းတော်/အကြီးအကဲများ/ကို တိုက်တွန်း/နှိုးဆော်လိုက်၏။ 2 သင်တို့/အား ဘုရားသခင်/အပ်ထားတော်မူသည့် သိုးစု/ကဲ့သို့သော လူတို့/ကို အုပ်ထိန်းလော့။ မဖြစ်မနေ/အုပ်ထိန်းရခြင်း/ကြောင့် မဟုတ်ဘဲ ဘုရားသခင်/အလိုတော်/နှင့်အညီ စိတ်ပါလက်ပါ အုပ်ထိန်းလော့။ အကျိုးစီးပွား/အတွက် မဟုတ်ဘဲ စိတ်အားထက်သန်/စွာ အုပ်ထိန်းလော့။ 3 ထိုသို့ သင်တို့/အား အပ်ထားသော/သူတို့/ကို အုပ်ထိန်း/ရာတွင် အုပ်စိုးခြယ်လှယ်မှု/မပြုဘဲ သိုးစု/ကဲ့သို့သော လူတို့/အတွက် စံနမူနာ/ဖြစ်စေကြလော့။ 4 သို့ပြုလျှင် သိုးထိန်းကြီး/ပေါ်ထွန်းတော်မူ/သောအခါ မမှေးမှိန်သော/ဘုန်းအသရေ/ရှိသည့် ဆုသရဖူ/ကို သင်တို့/ရရှိကြ/လိမ့်မည်။
5 ထိုနည်းတူ ငယ်ရွယ်သော/သူတို့… အသင်းတော်/အကြီးအကဲတို့/ကို နာခံကြလော့။ တစ်ဦး/ကို/တစ်ဦး အချင်းချင်း ဆက်ဆံရာ/၌ နှိမ့်ချသော/စိတ်/ကို တန်ဆာ/ဆင်ကြလော့။ အဘယ်ကြောင့်ဆိုသော် ကျမ်းစာ/၌
“မာန/ထောင်လွှားသော/သူတို့/ကို ဘုရားသခင်/သည် ဆန့်ကျင်/၍
နှိမ့်ချသော/သူတို့/ကို ကျေးဇူးပြုတော်မူ၏”a
ဟု ဆိုထား/သောကြောင့်/ဖြစ်၏။ 6 ထို့ကြောင့် အချိန်တန်/သောအခါ ဘုရားသခင်/သည် သင်တို့/အား ချီးမြှောက်တော်မူ/နိုင်ရန် တန်ခိုးကြီးသော/လက်တော်/အောက်/၌ မိမိကိုယ်ကိုယ်/နှိမ့်ချကြလော့။ 7 ကိုယ်တော်/သည် သင်တို့/ကို ဂရုစိုက်တော်မူ/သောကြောင့် သင်တို့/၏ စိုးရိမ်မှု/အပေါင်းတို့/ကို ကိုယ်တော်/ထံ အပ်နှံကြလော့။
8 မိမိတို့/စိတ်/ကို ချုပ်တည်း/လျက် သတိ/နှင့် စောင့်ကြလော့။ သင်တို့/၏ ရန်သူ/ဖြစ်သော မာရ်နတ်/သည် ဟိန်းဟောက်သော/ခြင်္သေ့/ကဲ့သို့ ဝါးမျိုရမည့်/သူ/ကို လှည့်လည်/ရှာဖွေ/လျက်/ရှိ၏။ 9 သင်တို့/၏ ယုံကြည်ခြင်း/ကို ခိုင်ခံ့မြဲမြံ/စေ/၍ ထို/မာရ်နတ်/ကို ငြင်းဆန်ကြလော့။ အဘယ်ကြောင့်ဆိုသော် ကမ္ဘာ/တစ်ဝန်း/ရှိ သင်တို့/၏/ညီအစ်ကို/မောင်နှမများ/သည်လည်း ထိုကဲ့သို့သော ဆင်းရဲဒုက္ခ/ကို ခံစားနေရကြောင်း သင်တို့/သိကြ/သောကြောင့်/ဖြစ်၏။
10 သို့သော် ဘုရားသခင်/သည် သင်တို့/ကို ခရစ်တော်/နှင့် တပေါင်းတစည်းတည်း/ဖြစ်/စေလျက် မိမိ/၏/ထာဝရ/တည်သော/ဘုန်းအသရေတော်/ကို မျှဝေ/ခံစား/စေရန် ရွေးကောက်တော်မူ၏။ ထို/ကျေးဇူးတော်/အပေါင်း/၏/အရှင် ဘုရားသခင်/ကိုယ်တော်တိုင်/သည် ခဏတာ ဆင်းရဲဒုက္ခ/ခံပြီးသော သင်တို့/အား ပြီးပြည့်စုံစေ/၍ ကြံ့ကြံ့ခိုင် ရပ်တည်/မြဲမြံစေတော်မူ/လိမ့်မည်။ 11 ဘုရားသခင်/သည် အစဉ်/ထာဝရ/တန်ခိုး/ကြီးတော်မူပါစေသော။ အာမင်။
ပေတရု/၏ နိဂုံးချုပ် နှုတ်ခွန်းဆက်/စကား
12 သစ္စာရှိသော/ညီအစ်ကို/ဟု ကျွန်ုပ်/မှတ်ယူသော သိလွာနု/၏/အကူအညီ/ဖြင့် သင်တို့/ထံ စာ/ကို အကျဉ်းချုံး/၍ ရေးလိုက်၏။ အကြောင်းအရာ/မှာ သင်တို့/အား တိုက်တွန်း/နှိုးဆော်/ရန်/နှင့် ကျွန်ုပ်/ရေးလိုက်သော/အရာတို့/သည် ဘုရားသခင်/၏ စစ်မှန်သော/ကျေးဇူးတော်/ဖြစ်ကြောင်း သက်သေခံ/ရန်/ဖြစ်၏။ ထို/ကျေးဇူးတော်/တွင် ခိုင်မြဲ/စွာ ရပ်တည်ကြလော့။
13 သင်တို့/နှင့်အတူ ရွေးချယ်တော်မူခြင်း/ခံရသော ဘေဘီလုံမြို့/ရှိ အသင်းတော်/နှင့် ကျွန်ုပ်/သား မာကု/တို့/သည် သင်တို့/ကို နှုတ်ဆက်လိုက်၏။
14 မေတ္တာ/အနမ်း/ဖြင့် အချင်းချင်း နှုတ်ဆက်ကြလော့။
 
ခရစ်တော်/နှင့် တပေါင်းတစည်းတည်း/ဖြစ်သော သင်တို့/အားလုံး/အပေါ် ငြိမ်းချမ်းခြင်း/သက်ရောက်ပါစေသော။
ရှင်ပေတရု/ဩဝါဒစာ ပထမစောင် ပြီးပါပြီ။